လောင်းလုံးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေး (Talk Show)ဆွေးနွေးပွဲ  ပြုလုပ်

လောင်းလုံး   မေ   ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှတို့ ပူးပေါင်းပြီး ယနေ့နံနက်(၉)နာရီအချိန်က သဘာဝဘေးအန္တရာယ်ကာကွယ်ရေး  အသိပညာပေး Talk Show ဆွေးနွေးပွဲကိုကျင်းပ ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သိန်းသိန်းက မိုးကြိုကာလတွင်ဖြစ်ပေါ်တတ်သည့် မုန်တိုင်းဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးသည့် နည်းလမ်းများကို ပြည်သူများသိရှိစေနိုင်ရန်ရည်ရွယ်၍  Talk Show အစီအစဉ် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြီးမီးသတ်ဦးစီးဌာနမှ ဦးအရာရှိ ဦးမျိုးဇော်ဦး ကမုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ရန်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရမည့် အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေချိန်တွင် လိုက်နာရမည့်အချက်များ၊ မုန်တိုင်း ဖြစ်ပေါ်ပြီးချိန်တွင် ရှောင်ရှားသင့်သည့်အချက်များ၊ မုန်တိုင်းအန္တရာယ်ကို အရောင်ဖြင့် သတိပေး စနစ်များစသည်တို့ကိုအကျယ် တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။

လောင်းလုံး မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုလိုသဘာဝ‌ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိ ပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူး ထုတ်လွှင့်ခြင်းအပါအဝင်  ပြည်သူအသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သိန်းသိန်း(လောင်းလုံး)