ဆိပ်ဖြူမြို့နယ်တွင် မုန်တိုင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေး ဆောင်ရွက်

ဆိပ်ဖြူ မေ ၁၁

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွသ် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ဆိပ်ဖြူမြို့နယ် မြင်က၀ကျေးရွာအုပ်စု၌ ကွင်းဆင်းအသိပညာပေး ဆောင်ရွက်သည်။

အဆိုပါ အသိပညာပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူပေါင်း၍ ဘင်္ဂလားပင်အော်၌ ဖြစ်ပေါ်နေသည့် မုန်တိုင်းအန္တရာယ်နှင့် မုန်တိုင်းအရှိန်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များ ကြိုတင်ကာကွယ်ဆောင်ရွက်နိုင်ရန် ကျေးရွာအုပ်စုများအတွင်း လှည့်လည်နှိုးဆော်အသိပေးခြင်းနှင့် ကျေးရွာမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မုန်တိုင်းအန္တရာယ်နှင့် မုန်တိုင်းအရှိန်ကြောင့်ဖြစ်ပေါ်လာနိုင်သည့် မိုးကြိုးပစ်ခြင်း၊ ရေကြီးရေလျှံခြင်း၊ အဆိပ်ရှိ ပိုးမွှားအန္တရာယ်များအကြောင်းနှင့် အရေးပေါ်အခြေအနေဖြစ်ပေါ်လာပါက ဆောင်ရန် /ရှောင်ရန် အချက်များအား သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းပြောကြားပေးပြီး မုန်းတိုင်းအန္တရာယ်နှင့်ပတ်သက်သည့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ အသိပညာပေး ပိုစတာများ ပြသရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ကိုဇွဲ(အညာမြေ)