ပွင့်ဖြူ မေ ၁၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား (U25)ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် (ပထမ၊ ဒုတိယ၊ တတိယ) ဆုရရှိသူများအား ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ခြင်းကို ယမန်နေ့ညနေ ၄ နာရီခွဲအချိန်က မြို့နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်က (U25)ဖူဆယ်ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ဘောလုံးအားကစား ဝါသနာရှင်များကို ဂုဏ်ပြုချီးကျူးစကားပြောကြားပြီး မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဦးရန်လင်းအောင်က လူငယ်မောင်မယ် များအနေဖြင့် အားလပ်ချိန်၌အချိန်ကို အကျိုးရှိစွာအသုံးချပြီး ကိုယ်ကာယကျန်းမာကြံ့ခိုင်ရေးနှင့် ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ ပေါ်ထွန်း လာစေရန်အတွက် မြို့နယ်ပြည်သူ့အားကစားကွင်း၌ မည်သူမဆို အားကစားလေ့ကျင့် ကစားနိုင်ကြောင်းနှင့် လိုအပ်သည်များကို မိမိအနေဖြင့် ပံ့ပိုးကူညီ ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် တာဝန်ရှိသူများက (U25)ဖူဆယ် ဘောလုံးပြိုင်ပွဲတွင် (ပထမ ၊ ဒုတိယ ၊ တတိယ) ဆုရရှိသူများကို ဂုဏ်ပြုဆုငွေနှင့် ဆုတံဆိပ်များကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ (U25)ဖူဆယ်ဘောလုံးပြိုင်ပွဲကို မေ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ မြို့နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပခဲ့ပြီး ပြိုင်ပွဲသို့ မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ အားကစားဝါသနာရှင် အသင်း(၈)သင်းက အကြိတ်အနယ် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲအပြီးတွင် ပထမဆုကို ဒီဗယ် အသင်းက လည်းကောင်း၊ ဒုတိယဆုကို ရမ်းစတား အသင်းကလည်းကောင်း၊ တတိဆုကို ဘိုကုန်းလူငယ်အသင်းကလည်းကောင်း ဆုများအသီးသီးရရှိခဲ့ကြောင်းသိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )