ပေါက် မေ ၁၁
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦး စီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အပူဒဏ်ကာကွယ်ရေး အသိပညာပေး (Talk Show )ဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီအချိန်က ပြုလုပ်သည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် ပေါက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်မာမျိုးနှင့် ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာကျော်တို့က အပူဒဏ်အန္တရာယ် နှင့်ကျန်းမာရေးပြဿနာများအတွက် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ချက်များ၊ အပူဒဏ်ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်/ရှောင်ရန် အချက်များ၊ အပူဒဏ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် လက္ခဏာရပ်များ၊ ရာသီဥတုပူပြင်းမှုကြောင့် ရုတ်တရက်ဖြစ်ပေါ်လာနိုင်သော အရေးပေါ်ဖြစ်စဉ်များအား ရှေးဦးပြုစုနည်းအကြောင်းတို့ကို အသိပညာပေးဆွေးနွေးကြကြောင်း သိရသည်။
ကိုရွှေယော(အညာမြေ)