တောင်တွင်းကြီးမြို့၌ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအဖွဲ့၏ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

တောင်တွင်းကြီး မေ ၁၁

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့တွင် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးအဖွဲ့ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ယနေ့နံနက်(၉)နာရီက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦး‌ကျော်ဇင်ဦးနှင့် အဖွဲ့ဝင်များက သဘာဝဘေးအန္တရာယ် ဖြစ်ပါ်လာပါက အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အလျင်အမြန် ဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းပြသပြီး ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများကို မြို့နယ်မီးသတ်တပ်ဖွဲ့ရုံးတွင် သရုပ်ပြဆောင်ရွက်ခဲ့သည်။

တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် သဘာဝဘေးဖြစ်ပေါ်ခဲ့ပါက ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ ကယ်ဆယ်ရေးပစ္စည်းများ၊ လူမှုရေးသင်းအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များ၊ မော်တော်ယာဉ်မျာ၊ လူနာတင်ယာဉ်များ၊ ဆေးဝါးပစ္စည်းများနှင့် ကုသရေးအဖွဲ့များ၊ သောက်ရေနှင့် ရိက္ခာများအား အဆင်သင့်ပြင်ဆင် ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)