ကော့သောင်းမြို့တွင် သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်

ကော့သောင်း မေ ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၊ သီရိမြိုင်ရပ်ကွက်၊ ပြည်သူ့ရင်ပြင်တွင် ကော့သောင်းခရိုင်၊သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ် ရှာဖွေကယ်ဆယ်ရေးအတွက် ဖွဲ့စည်းထားသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များဖြင့် သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်မှုဆိုင်ရာ ဇာတ်တိုက်လေ့ကျင့်မှုကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

အဆိုပါ ဇာတ်တိုက်လေ့ကျင့်မှုသို့စစ်ဗျူဟာအဖွဲ့(အခြေချ) ကော့သောင်းမှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်သက်ဦး၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးအောင်၊ ခရိုင်ရဲတပ်ဖွဲ့မှူးဒုရဲမှူးကြီး အောင်မျိုးသန့်၊ ကော့သောင်းခရိုင်လဝကမှူး ဦးကိုကိုနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးအောင်ချိုနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စုစုပေါင်းအင်အား (၃၀၀)ခန့် တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ စစ်ဗျူဟာမှူး ဗိုလ်မှူကြီး အောင်သက်ဦးမှ တက်ရောက်လာသူများအား ကျေးဇူးတင် အမှာစကားနှင့် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များ ကော်မတီဖွဲ့စည်းထားရှိမှုအ​ခြေအနေများနှင့် လိုအပ်သည်များအား ရှင်းလင်း​ပြောကြားခဲ့သည်။ ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစိုးအောင်မှ အမှန်တကယ်အရေးပေါ် ဖြစ်ပွားမှုရှိလာ ပါ မိမိတို့ဖွဲ့စည်းထားသည့် ဆပ်ကော်မတီအလိုက် မဖြစ်မနေလုပ်ဆောင်ရမည့် အရာများအား သက်ဆိုင်ရာ ကဏ္ဍများအလိုက် စနစ်တကျ လုပ်ဆောင် ကြရမည်ဖြစ်ကြောင်းနှင့် ကဏ္ဍအလိုက် လိုအပ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ကော့သောင်းခရိုင်သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်အရေးပေါ် ရှာဖွေကယ်ဆယ်ရေးအတွက် ဖွဲ့စည်းထားသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၊ လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ အရေးပေါ်ကူညီ ကယ်ဆယ်ရေးလုပ်ငန်း အတွက်ကြိုတင်ပြင်ဆင်ထားရှိသည့် ကယ်ဆယ်ရေးပစ္စည်းများ၊ မော်တော်ယာဉ်၊ စားနပ် ရိက္ခာ၊ တစ်ကိုယ် ရည်သုံးပစ္စည်းများ၊ သောက်သုံးရေနှင့် ဆေးဝါးများ၊ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများနှင့် အရေးပေါ် ဖြစ်ပွားမှုဖြစ်ပေါ်လာပါ ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုး နှင့် အခြားဆက်စပ်ပစ္စည်းများအား ခင်းကျင်းပြသခဲ့ရာ  စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်သက်ဦးနှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ လိုက်လံကြည့်ရှုစစ်ဆေး ခဲ့ကာလိုအပ်သည်များအား မှာကြားခဲ့ပြီး ဇာတ်တိုက်လေ့ကျင့်မှုအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)