သဲကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် "သားငယ်သမီးငယ်များပဲ့ပြင်ထိန်းကျောင်းခြင်း အနုပညာ" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

သဲကုန်း   မေ ၁၁                                   

ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန   (Community Centre) ခန်းမ၌၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် Youth Club တို့ ပူးပေါင်း၍ စာရေးဆရာ အတ္တကျော် ရေးသားသော  "သားငယ်သမီးငယ်များပဲ့ပြင်ထိန်းကျောင်းခြင်းအနုပညာ" စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝင့်နန္ဒာဌေး က ကျောင်းသားကျောင်းသူများ  ကျောင်းအားလပ်ရက်များတွင်  စာဖတ်ဝိုင်းကို စာပေဖတ်ရှုသည့် အလေ့အထကောင်းများ တိုးပွားရရှိကာ စာဖတ်ရှိန်မြင့်မားပြီး သိပညာဗဟုသုတများ အပြန်အလှန် ဖလှယ်ဆွေးနွေးနိုင်ရေးနှင့် စာပေကိုချစ်မြတ်နိုးသူများ အချင်းချင်း ချစ်ခင်ရင်းနှီးမှု ပိုမိုရရှိစေရန်နှင့်  လူငယ်များနှင့်ပြည်သူများ အသိအမြင်ဗဟုသုတများ ဖလှယ်ဆွေးနွေးတတ်သည့် အလေ့အကျင့် ကောင်းရရှိစေရန် ရည်ရွယ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ စာရေးဆရာ အတ္တကျော် ရေးသားသော  "သားငယ်သမီးငယ်များ ပဲ့ပြင်ထိန်းကျောင်းခြင်း အနုပညာ" ရေးသားသော    "စာအုပ်ပါ  အပိုင်း()ပိုင်းမှ ခေါင်းစဉ်ခွဲအလိုက် အကြောင်းအရာများတွင် ရေးသားတင်ပြမှုအကြောင်းအရာများမှ ရရှိပေးစွမ်းသည့် အသိပညာဗဟုသုတများ၊ လိုက်နာကျင့်သုံးအပ်သည့် အတွေးအမြင်များ၊ စာရေးသူ၏ ရေးသားချက်များက ပေးစွမ်းသည့် စာပေရသများကို စာဖတ်ဝိုင်းတက်ရောက်လာသည့် ကျောင်းသားကျောင်းသူများမှ မိမိတို့၏အမြင်ရှုထောင့်အမျိုးမျိုးမှ ဆွေးနွေးပြောကြား၍ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိမှ ကျောင်းသားကျောင်းသူများ၏ ဆွေးနွေးမှုအပေါ် အသီးသီးအပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)