ဝေါမြို့နယ်၌ မုန်တိုင်းအန္တရာယ် သတိပြုကြိုတင်ကာကွယ်ရေး အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ကာ ပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေး

ဝေါ မေ ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် မြို့နယ်သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စီမံခန့်ခွဲမှုကော်မတီ၏စီမံမှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက မုန်တိုင်းအန္တရာယ် သတိပြုကြိုတင်ကာကွယ်ရေး အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခြင်းကို ယနေ့နံနက် (၈) နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့လိုက်လံနှိုးဆော်ရာတွင် ဝေါမြို့နယ် မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက ရန်ကုန်-မော်လမြိုင်ကားလမ်း၊ ဈေးများ၊ လမ်းဆုံလမ်းခွများနှင့် လူစည်ကားရာ နေရာများတွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအား မိဘပြည်သူများအနေဖြင့် သိရှိလိုက်နာနိုင်ရေးနှင့် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် သိရှိလိုက်နာရမည့် အချက်များတို့ကို အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်း၊ အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

အောင်မြတ်လင်း