ပေါင်းတည် မေ ၁၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ မြို့မစျေးကြီး၌ မြို့မမီးသတ်စခန်းတပ်ဖွဲ့ဝင်များက ယနေ့နံနက် ၈ နာရီက စျေးသူစျေးသားနှင့် စျေးဝယ်သူ ပြည်သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှင့် သရုပ်ပြပွဲကို ကျင်းပပြုလုပ်သည်။
အဆိုပါ အသိပညာပေးနှင့် သရုပ်ပြပွဲကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကျော်မင်းထွေးမှဦးစီး၍ သန္ဓေတပ်ဖွဲ့ဝင်များက သဘာဝဘေးအန္တရာယ်ဆိုင်ရာ အကြောင်း အသိပညာပေးဟောပြောကာ မုန်တိုင်းဘေးအန္တရာယ်နှင့် ဆက်စပ်လျက် မိုးသည်းထန်စွာ ရွာသွန်း၍ ရေကြီးရေလျှံမှုဖြစ်ပေါ်လာပါက ပြည်သူများ အသက်မဆုံးရှုံးနိုင်စေရန် ပလပ်စတစ် ရေပုံးများ၊ ရေသန့်ဘူးကြီးများဖြင့် အရေးပေါ်ရေဘေးကယ်ဆယ်ရေး သရုပ်ပြကွက်များ ပြသပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါအသိပညာပေး သရုပ်ပြပွဲသို့ မြို့မစျေးတာဝန်ခံ ဦးစောထွန်းကြည်နှင့်အတူ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ စျေးအကျိုးတော်ဆောင်များ၊ စျေးသူ၊ စျေးသား၊ စျေးဝယ်သူပြည်သူများ တက်ရောက်ကြည့်ရှုကြကြောင်း သိရသည်။
သူရကြီး(ပြန်/ဆက်)