ညောင်လေးပင်မြို့နယ်တွင် ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာစိုက်ထူ

ညောင်လေးပင် မေ ၁၁

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ပြုလုပ်ခဲ့သည်။ အဆိုပါမြေစိုက်ပိုစတာစိုက်ထူခြင်းအား ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများမှ ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကို ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် တစ်နိုင်ငံလုံးအတိုင်းအတာအရ ၂၀၂၃ ခုနှစ် မေလ ၂၃ ရက်နေ့မှ ‌၃၁ ရက်နေ့အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ ဆက်)