ရွှေဘို မေ ၁၁
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အခြေခံပညာအထက်တန်းကျောင်းများ တွဲဖက်သင်ကြားပို့ချမည့် စက်မှု၊ စိုက်ပျိုးမွေးမြူရေးဘာသာရပ်များမှ မွေးမြူရေးဘာသာရပ် အတွက် အသိပညာပေး Talk Show ကို ယနေ့ နံနက် ၁၁နာရီချိန်က ပြုလုပ်ခဲ့သည်။
အဆိုပါ Talk Show ဆွေးနွေးပွဲတွင် ရွှေဘိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးမြမွန်က ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါက်တာ နိုင်လင်းထွန်းက စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဇွန်လ(၁)ရက်နေ့တွင် ဖွင့်လှစ် သင်ကြား မည့် ကျောင်းအရေအတွက်နှင့် မြို့များ၊ ဖွင့်လှစ်သင်ကြားပေးသည့် ရည်ရွယ်ချက်နှင့်ကျောင်းသား/သူခေါ်ယူမည့် အစီအစဥ်၊ သတ်မှတ်အရည်အချင်းများ၊ ဆက်လက်ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများ၊ စာသင်နှစ်အလိုက် သင်ကြားပို့ချမည့် ဘာသာရပ် နှင့် စာသင်ချိန်များ၊ လက်တွေ့သင်ကြားမည့် အစီအစဥ်များ၊ တက်ရောက်သင်ကြားမည့် ကျောင်းသား/သူများအားထောက်ပံ့ပေးမည့် အစီအစဥ်၊ တက်ရောက်လိုသူများ ဆက်သွယ်ရမည့် နည်းလမ်းများ၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တွဲဖက်သင်ကြားမည့် အခြေခံပညာအထက်တန်းကျောင်းနှင့် စပ်လျဥ်း၍ ကျောင်းသား/သူ၊ မိဘပြည်သူများ သိသင့်သိထိုက်သည့် အချက်များကို အကျယ် တဝင့် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်ခြင်းများကို Online စနစ်ဖြင့် ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန် အသိပညာပေး Talk Show အစီအစဉ်များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း ၍ We love Shwe Bo Facebook Page တွင် စဥ်ဆက်မပြတ် စီစဉ်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်