ကျောက်တံခါးမြို့နယ်၌ မုန်တိုင်းအန္တရာယ် သတိပြုကြိုတင်ကာကွယ်ရေး အသံချဲ့စက်ဖြင့်  လိုက်လံနှိုးဆော်မှုပြုလုပ်

ကျောက်တံခါး မေ ၁၁

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊  ကျောက်တံခါးမြိုနယ်တွင် မြို့နယ်သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စီမံခန့်ခွဲမှုကော်မတီ၏စီမံမှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက မုန်တိုင်းအန္တရာယ် သတိပြုကြိုတင်ကာကွယ်ရေး အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့လိုက်လံနှိုးဆော်ရာတွင် ကျောက်တံခါးမြို့နယ် မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက ရန်ကုန်-မန္တလေးကားလမ်း၊ ဈေးများ၊ လမ်းဆုံလမ်းခွများနှင့် လူစည်ကားရာနေရာများတွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအား မိဘပြည်သူများအနေဖြင့် သိရှိလိုက်နာနိုင်ရေးနှင့် မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် သိရှိလိုက်နာရမည့် အချက်များတို့ကို အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ ဆက်)