မိုးညို မေ ၁၁
ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊မိုးညိုမြို့နယ်ရှိ ဘုရားကြီးကုန်း-ခအောင်းပင်တာအား တာဝန်ရှိသူများက ယမန်နေ့က သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့သွားရောက်စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦး၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးသက်ဆွေဝင်းနှင့် ဦးစီးမှူးဦးတင့်နိုင်၊ မြို့နယ်ရဲတပ်ဖွဲ့၊မြို့နယ်မီးသတ်ဦးစီးဌာနတို့မှ တာဝန်ရှိသူများက သဘာဝဘေးဒဏ်ကျရောက်လာပါက တာတမံများကျိုးပေါက်မှုမရှိစေရေးနှင့် ကြံ့ခိုင်မှုအားကောင်းစေရေးတို့အတွက် ဘုရားကြီးကုန်း-ခအောင်းပင်တာ၊ မြို့ပတ်တာ၊ပေါက်ကုန်း-ဆပုဂံတာများ၏ သဘာဝဘေးဒဏ်ခံနိုင်စေရန်အတွက် ကြံ့ခိုင်မှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကိုမင်း(ပြန်/ ဆက်)