ရေကြည်မြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ် သတိပြုရှောင်ရှားနိုင်ရန် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရေကြည် မေ ၁၁

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်အတွင်း မုန်တိုင်းဘေးနှင့် သဘာဝဘေး အန္တရာယ်များ ဖြစ်ပွားလာပါက ပြည်သူများအနေဖြင့် ကြိုတင်ပြင်ဆင်ရန် အချက်များ၊ မုန်တိုင်းဖြစ်ပေါ်မည်ဟု သတိပေးချက်ရလျှင် ဆောင်ရွက်ရမည့်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဥ် လိုက်နာရမည့် အချက်များ၊ ရှောင်ရှားသင့်သည့် အချက်များ၊ မုန်တိုင်းဖြစ်ပေါ်ပြီးချိန်၌ လိုက်နာရမည့် အချက်များကို ပြည်သူများအချိန်နှင့် တစ်ပြေးညီ သိရှိနိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက် (၁၀)နာရီအချိန်က လူစည်းကားရာ နေများဖြစ်သည့် လမ်းဆုံလမ်းခွများတွင် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်ဖြန့်ဝေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဝန်ထမ်းများ မြို့နယ် ရဲတပ်ဖွဲ့မှ ဝန်ထမ်းများ၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ် ဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာန ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းပါဝင် ဆောင်ရွက်ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)