ပွင့်ဖြူမြို့နယ်၌ မုန်တိုင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဒေသခံပြည်သူများကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသ

ပွင့်ဖြူ မေ  

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း မုန်တိုင်းဘေးအန္တရာယ် ကျရောက်လာပါက အလျင်အမြန် တုံ့ပြန်ဖြေရှင်း ဆောင်ရွက်နိုင်ရေးအတွက် ယမန်နေ့နံနက် ၁၀ နာရီခွဲက မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်း‌နောင် ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက မုန်း‌ချောင်းဘေးတစ်လျှောက်တွင် နေထိုင်သော ရပ်ကွက်နေပြည်သူများ မုန်တိုင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းနှင့် ရှာဖွေ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အသိပညာပေး ဇာတ်တိုက် လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင် ဦးဆောင်သော ရှာဖွေ ကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း မုန်တိုင်းဘေးအန္တရာယ် ကျရောက်လာပါက မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုနှင့် အခြားသော ဘေးအန္တရာယ်များ ကြုံတွေရလေ့ရှိသဖြင့် ဒေသခံပြည်သူများ သောက်သုံးရေနှင့် စားနပ်ရိက္ခာ အခက်အခဲမဖြစ်စေရေး ကြိုတင်၍ (၅)ဂါလန်ဆံ့ ပလပ်စတစ်ရေပုံးများဖြင့် သောက်သုံးရေ စုဆောင်းထားရှိရေး နည်းလမ်းများ၊ အသင့်စားသုံးနိုင်သော အစားအစာများ (အစို/အခြောက်)များကို စုဆောင်း သိုလှောင်ထားရှိနည်း စနစ်များနှင့်  အရေးပေါ်ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ထိထိရောက်ရောက် တုံ့ပြန် ဆောင်ရွက်သွားနိုင်ရေး ရှာဖွေကူညီကယ်ရေး လုပ်ငန်းသုံးပစ္စည်းများ အသုံးပြု၍ ဇာတ်တိုက် လေ့ကျင့်မှုများကို လက်တွေ့သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် မြို့နယ် မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လိုက်နာရမည့်ဆောင်ရန် ရှောင်ရန်များကို အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် မုန်တိုင်းဘေးအန္တရာယ်နှင့် အခြားသော သဘာဝဘေး အန္တရာယ်များ ကျရောက်လာပါက အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက်သွယ်အကူအညီတောင်းခံနိုင်ရန် မြိုနယ်မီးသတ်ဦးစီးဌာန အရေးပေါ် ဖုန်းနံပါတ် ၁၉၁ နှင့် ရုံးဂျူတီဖုန်း ၀၆-၂၀၆၀၃၀၂ သို့ ချက်ချင်းသတင်းပို့ ဆက်သွယ်အကူအညီရယူနိုင်ရေး အသိပေးနှိုးဆော် ဆောင်ရွက်ထားရှိကြောင်း ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်း‌နောင်ထံမှ သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )