ငါးသိုင်းချောင်း မေ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၌ မုန်တိုင်းဘေးအန္တရာယ် ကျရောက်လာပါက အလျင်အမြန် တုံ့ပြန် ဖြေရှင်းဆောင်ရွက်နိုင်ရန် ယနေ့ နံနက်(၈)နာရီအချိန်က မြို့အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်နှင့် နယ်မြေမီးသတ်တပ်ဖွဲ့စခန်းမှ လက်ထောက်မီးသတ် ဦးစီးမှူး ဦးဝင်းနိုင်တို့က ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များမှ ပြည်သူများ အား မုန်တိုင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းနှင့် ရှာဖွေကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ အသိပညာပေး ဇာတ်တိုက် လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ငါးသိုင်းချောင်းမြို့၊ နယ်မြေမီးသတ်တပ်ဖွဲ့စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးဝင်းနိုင် ဦးဆောင် သော ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များက မြို့အတွင်း မုန်တိုင်းဘေးအန္တရာယ် ကျရောက်လာပါက မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှု ကြုံတွေ့ရလျှင် ဒေသခံပြည်သူများ မိမိကိုယ်ကိုကယ်တင်နိုင်ရန် ပတ်ဝန်းကျင်ရှိ ပစ္စည်းများဖြစ်သည့် ရေသန့်ဘူး များ၊ ရေပုံးများကို သက်ကယ်ဘောများအဖြစ် အသုံးပြုနိုင်ကြောင်း အသိပညာပေး၍ လက်တွေ့သရုပ်ဖော်ပြသခဲ့ကြောင်း သိရ သည်။
ငါးသိုင်းချောင်း(ပြန်/ဆက်)