ကျောက်တံခါး မေ ၁၁
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ပူးပေါင်း၍ လူကုန်ကူးမှုအန္တရာယ်အကြောင်းသိကောင်းစရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ နေ့လယ် (၁)နာရီ အချိန်က ကျင်းပသည်။
ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းတင့်က အသိပညာပေး Talk Show ဆွေးနွေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး၊ ကျောက်တံခါး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင် ဒေါ်စန္ဒာဝင်းက လူကုန်ကူးမှုဆိုသည်မှာ၊ ကြိုတင်သိထားသင့်သည့် လူကုန်ကူးမှုနည်းလမ်းများ၊ လူကုန်ကူးခံရပါက စိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ လူကုန်ကူးခံရပါက ဆက်သွယ်ရမယ့် ဖုန်းနံပါတ်နှင့် အဖွဲ့အစည်းများ စသည့်တို့ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ကျောက်တံခါးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာတိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ် ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန်ပြုလုပ်လျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ ဆက်)