ကဝ မေ ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကိုမင်းက သဘာဝ ဘေးအန္တရာယ်နှင့်ပတ်သက်၍ စီမံဆောင်ရွက်ထားရှိမှုများကို (Power Point)များဖြင့် ရှင်းလင်းပြောကြားပြီး၊ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက လူ၊ ကယ်ဆယ်ရေး ပစ္စည်းများနှင့် ပို့ဆောင်ရေးယာဉ်များ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ အထောက်အကူပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ ထောက်ပံ့ရေးပစ္စည်းများနှင့် ဆေးဝါးများ စုဆောင်းထားရှိမည့် အခြေအနေများအား ရှင်းလင်းဆွေးနွေးရာ သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များ ညှိနှိုင်းဆွေးနွေး ခဲ့ကြောင်း သိရသည်။
အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)