ဘိုကလေးမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလုပ်ငန်းနှင့် တရားမဝင်ကုန်စည်များ သယ်ယူပို့ဆောင်ခြင်း မရှိစေရေး စစ်ဆေးဆောင်ရွက်

ဘိုကလေး မေ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ပုဂ္ဂလိက မော်တော်ယာဉ်များ စနစ်တကျပြေးဆွဲရေး ကော်မတီတို့ ပူးပေါင်းကာ ယနေ့ နံနက်(၁၀)နာရီတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လုပ်ငန်းနှင့် အတူ တရားမဝင် ကုန်စည်များ သယ်ယူပို့ဆောင်ခြင်း မရှိစေရေး စစ်ဆေးဆောင်ရွက်မှုများ ဆောင်ရွက်ကြသည်။

ဆောင်ရွက်ရာတွင် မိမိတို့ဒေသတွင်း ယာဉ်အန္တရာယ် ဖြစ်ပွားမှုမရှိစေရေး၊ နယ်မြေအေးချမ်း သာယာရေးအတွက် ဘိုကလေးမြို့ အဝင်အထွက် ဂိတ်များဖြစ်ကြသည့် ဘိုကလေး-ဖျာပုံ ကားလမ်းမှ နတ်ချောင်းဂိတ်၊ ဘိုကလေး- မော်ကျွန်းလမ်းမှ သာပေါင်းဂိတ်နှင့် ဘိုကလေး-စက်ဆန်း လမ်းဆုံတို့တွင် ဖြတ်သန်းသွားလာ ပြေးဆွဲမောင်းနှင်ကြသည့် မော်တော်ယာဉ်များအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများအား အသိပညာပေးပြီး သက်ဆိုင်ရာမှ သတ်မှတ်ချက်များနှင့် အတူ ပြေးဆွဲမောင်းနှင်စေရေး အသိ ပညာပေး လမ်းညွှန်မှာကြားခြင်းနှင့်  မော်တော်ယာဉ်များပေါ်နှင့် မော်တော်ဆိုင်ကယ်များအတွင်း၌ တရားမဝင်ကုန်စည်များ သယ်ယူ ပို့ဆောင်ခြင်းရှိ/မရှိနှင့် တားမြစ်ထားသည့် တုတ်၊ ဓား၊ လက်နက်များ သယ်ဆောင်ခြင်း ရှိ/မရှိတို့အား စစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)