ပေါင်းတည်၌ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ပေါင်းတည် မေ ၁၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီ၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နဝရတ်ခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီအတွင်းရေးမှူး မြို့နယ်စီမံကိန်းဦးစီးမှူး ဦးရန်နိုင်မြင့်နှင့်ကော်မတီအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီး အကဲများ တက်ရောက်ကြသည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်လှိုင်က အဖွင့်အမှာစကားပြောကြားရာ၌ ဒေသန္တရ စီမံကိန်းရည်မှန်းချက်များနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရည်မှန်းချက်များကို ရှင်းလင်း ပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံကိန်းရေးဆွဲ အကောင်ဖော်ရေးကော်မတီ အတွင်းရေးမှူး၊ မြို့နယ်စီမံကိန်းဦးစီးမှူး ဦးရန်နိုင်မြင့်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (ဧပြီလမှ မတ်အထိ) ဒေသန္တရ စီမံကိန်းနှင့်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစီမံကိန်းများနှင့် ပတ်သက်၍ အကျယ်တဝံ့ ဖတ်ကြားတင်ပြသည်။

ယင်းနောက် ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲကို ဆက်လက်ကျင်းပရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌက လယ်ယာကဏ္ဍကြီးကိုယ်စား မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးအားလည်းကောင်း၊ စက်မှုကဏ္ဍကြီးကိုယ်စား မြို့နယ်လျှပ်စစ်အင်ဂျင်နီယာမှူးအားလည်းကောင်း ၊မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၂) ဦးအေးကျော်က ဝန်ဆောင်မှုကဏ္ဍကြီး ကိုယ်စား ​မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်မန်နေဂျာအားလည်းကောင်း စီမံကိန်းတာဝန်ပေးအပ်လွှာများ ပေးအပ်ကြကာ အခမ်းအနားကို နံနက် ၁၁ နာရီတွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။

သူရကြီး(ပြန်/ဆက်)