အောင်လံမြို့နယ် သမဝါယမအသင်းစုလီမိတက်ပိုင်ဆီစက်က မြေပဲဆီများ ကြိတ်ခွဲဖြန့်ဖြူး

အောင်လံ မေ ၁၀

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ် တရော်ကုန်းရပ်ကွက် ရန်ကုန်-ပြည်လမ်းမကြီးဘေး (၁၅)လမ်းထိပ်တွင် တည်ရှိသော မြို့နယ်သမဝါယမ အသင်းစု လီမိတက်ပိုင်ဆီစက်သည် မြေပဲများကိုကြိတ်ခွဲလျက်ရှိသည်။ ဆီကြိတ်ခွဲမှုအတွက်လိုအပ်သော ကုန်ကြမ်းများကို အောင်လံမြို့နယ်အတွင်းနှင့် ပွဲရုံများမှ ဝယ်ယူရရှိပြီး ကုန်ချောထုတ်လုပ်မှုအနေဖြင့် တစ်လလျှင် မြေပဲဆီပိဿာချိန် ၂၄၀၀ ပိဿာထွက်ရှိကာ ထွက်ရှိလာသော မြေပဲဆီများကို မကွေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်သမဝါယမအသင်းစုများနှင့် ချိတ်ဆက်၍ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် စားသုံးသူပြည်သူများသို့ ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။

မျိုးသိန်း(ပြန်ဆက်)