နတ်တလင်း မေ ၁၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မုန်တိုင်းအန္တရာယ်ကျရောက်လာပါက အလျင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်ဦးလတ်ဦးဆောင်၍ တပ်ဖွဲ့များဖြင့် ကာကွယ်ရေးသုံးပစ္စည်းများစုဖွဲ့ခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ယမန်နေ့မွန်းလွဲ ၃နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မုန်တိုင်းအန္တရာယ်ကျရောက်ပါက ပြိုကျအဆောက်အအုံများရှိပါက အဆိုပါအဆောက်အအုံတွင် ပိတ်မိလူနာများကို ကယ်ဆယ်ရွှေ့ထုတ်ခြင်း၊ အရေးပေါ်မော်တော်ယာဥ်များဖြင့် ဆောင်ရွက်ထားရှိခြင်း အစီအစဥ်(၁၃)ရပ်ဖြင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ဆောင်ရွက်ခဲ့သည်။
အဆိုပါစုဖွဲ့ခြင်းနှင့်ဇာတ်တိုက်လေ့ကျင့်ခြင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဗိုလ်ကြီးသက်နိုင်စိုး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေစိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဟန်ရှိန်နှင့်တာဝန်ရှိသူများက အားပေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ထားထားဦး (ပြန်/ ဆက်)