မြို့သစ် မေ ၁၁
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်၍ ပြည်သူများ သိရှိနိုင်စေရန်အတွက် မုန်တိုင်းဘေးအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန်ဝေခြင်းကို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ မေ ၉ ရက်နေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များနှင့် စျေးရောင်းသူ/စျေးဝယ်သူ ပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မုန်တိုင်းဘေးအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်တွင် မုန်တိုင်းမကျရောက်မီ ကြိုတင်ပြင်ဆင်ရန်အချက်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် လိုက်နာရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေချိန်တွင် ရှောင်ရှားသင့်သည့်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင် ရှောင်ရှားသင့်သည့်အချက်များနှင့် မုန်တိုင်းများ၏ အန္တရာယ်ကို နားလည်သဘောပေါက်လွယ်စေရန် အရောင်ဖြင့် သတိပေးစနစ်များကို ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။
ဝင်းအိဇွန်(ပြန်/ဆက်)