ငပုတော မေ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၂) ဦးသန်းဦးနှင့် မြို့နယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက မုန်တိုင်းအန္တရာယ် ကျရောက်လာပါက ပျက်စီးဆုံးရှုံးမှုများ မရှိစေရေးနှင့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရှိနိုင်ရေးတို့အား သက်ဆိုင်ရာ ကော်မတီအလိုက်ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ အန္တရာယ်ရှိသောနေရာများ၊ ကမ်းခြေအနီး ပတ်ဝန်ကျင်ဒေသများနှင့် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ မသန်စွမ်းသူများကို ဘေးလွတ်ရာသို့ အမြန်ဆုံးပြောင်းရွှေ့ထားနိုင်ရေး၊ ဌာနဆိုင်ရာများအနေဖြင့် အရေးကြီးသော စာရွက်စာတမ်းများကို သေချာစွာ သိမ်းဆည်းထုပ်ပိုးထားနိုင်ရေး၊ အစားအစာဆေးဝါးများ အလုံအလောက် ရရှိစေရေးနှင့် သောက်သုံးရေ လုံလောက်စွာရရှိစေရေး၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများအနေဖြင့် လုံခြုံရေးအသိ၊ သတိအမြဲရှိရေး၊ ကိုဗစ်ကာကွယ်ဆေး Booster Dose ထိုးနှံရန်ကျန်ရှိပါက ဆက်လက်ထိုးနှံကြရန်၊ မြို့သန့်ရှင်းသာယာလှပစေရေး အလေးထား ဆောင်ရွက်ရန်နှင့် အခြားလိုအပ်သည်များကို မှာကြားခဲ့ကြောင်းသိရသည်။
အောင်သူ(ပြန်/ဆက်)