ဘုတ်ပြင်းမြို့နယ်၌ မုန်တိုင်းအန္တရာယ် သတိပြုကြိုတင်ကာကွယ်ရေး Hand Speaker ဖြင့် လိုက်လံနှိုးဆော်ခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ဘုတ်ပြင်း မေ ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ် မြို့နယ်သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်‌ရေးစီမံခန့်ခွဲမှု ကော်မတီ၏စီမံမှုဖြင့် တာဝန်ရှိသူများ‌ပူးပေါင်းကာ မုန်တိုင်းအန္တရာယ် သတိပြုကြိုတင်ကာကွယ်ရေး အသိပေးလိုက်လံ နှိုးဆော်ခြင်း ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ယမန်နေ့ ညနေအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့လိုက်လံနှိုးဆော်ရာတွင် ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာန၊ ငါလုပ်ငန်းဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့် လူမှုရေးအသင်းအဖွဲ့တို့ ပူးပေါင်းကာ ဘုတ်ပြင်းမြို့နယ် အုန်းတော ကမ်းကျေးရွာတွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအား မိဘပြည်သူများအနေဖြင့် သိရှိလိုက်နာနိုင်ရေးနှင့် မုန်တိုင်းဘေး၊ လေဘေး၊ မိုးကြိုးဘေး၊ မြေပြိုဘေး စသည်များကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် သိရှိလိုက်နာရမည့်အချက်များတို့ကို Hand Speaker လိုက်လံနှိုးဆော်ဖြင့် လိုက်လံအသိပေးနှိုးဆော်ကာ မုန်တိုင်းအန္တရာယ် သတိပြုကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)