သနပ်ပင်မြို့နယ်၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကြိုတင်ပြင်ဆင်ထား

သနပ်ပင် မေ ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးအဖွဲ့ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ယမန်နေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာန၌  ပြင်ဆင်ထားလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာန ဒုတိုင်းမှူး ဦးသန်းထွန်းဦးက မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပါ်လာပါက အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အလျင်အမြန်ဆောင်ရွက်နိုင်ရန်၊ ပျက်စီးဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားနိုင်ရန်အတွက် စစ်ဆေးဆောင်ရွက် ရမည်ဖြစ်ကြာင်း   ရှင်းလင်းပြောကြားသည်။

သနပ်ပင်မြို့နယ် မီးသတ်ဦးစီးမှူးရုံးတွင် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့် ကယ်ဆယ်ရေးပစ္စည်းများအား အဆင်သင့်ပြင်ဆင် ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း သဘာဝဘေးအန္တရာယ် ကြုံတွေ့လာပါက ဖုန်း  ၀၅၂-၂၇၄၆၀၆၃ တို့သို့ အချိန်နှင့်တစ်ပြေးညီ ဆယ်သွယ်အကူအညီ တောင်းခံနိုင်ကြာင်း သိရသည်။

 လှမိုး (ပြန်/ဆက်)