ကန်ကြီးထောင့်မြို့နယ်၌ လျှပ်စစ်ဓာတ်အားလိုင်းကြိုးများနှင့် ထိစပ်လျက်ရှိသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ကန်ကြီးထောင့် မေ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား သုံးစွဲသူပြည်သူများမှ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ သုံးစွဲနိုင်ရေးအတွက် ဓာတ်ကြိုးများနှင့် ထိစပ်လျက်ရှိသော သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်း များကို မေလ ၈ နေ့ နံနက်ပိုင်းမှ စတင်၍ မေလ ၁၀ ရက်နေ့ အထိ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဟိန်းဦးပိုင်မှ ဦးဆောင်၍ ဝန်ထမ်းများက မိုးရာသီအတွင်း မုန်တိုင်း အန္တရာယ် ကျရောက်မည်ဆိုပါက  ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများမှ ဓာတ်ကြိုးများအပေါ်သို့ ကျိုးကျ ပြုတ်ကျသဖြင့် လျှပ်စစ်ဓာတ်ကြိုးများ ပြတ်တောက်၍  လူ၊ တိရစ္ဆာန်များအသက် အန္တရာယ်တစ်စုံတစ်ရာ မထိခိုက်စေရေးအတွက် ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

မဇင်(ပြန်/ဆက်)