နတ်မောက်မြို့နယ် န-လက္ခုပ္ပင်ကျေးရွာတွင် တစ်နိုင်တစ်ပိုင် ဖရုံများစိုက်ပျိုး

နတ်မောက် မေ ၁၁

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် -လက္ခုပ္ပင်ကျေးရွာရှိ တောင်သူများသည် မြေအောက်ရေသွင်းခြင်းဖြင့် တစ်နိုင်တစ်ပိုင် ဖရုံစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

“ကျွန်မတို့ အညာဒေသက စိုက်ပျိုးရေးတောင်သူများဟာ  မဟာသင်္ကြန်အတက်နေ့မှစတင်ပြီးတော့ မိမိတို့ရဲ့ဥယျာဉ်ခြံမြေထဲတွင် မြေအောက်ရေသွင်းပြီး စားဖိုချောင်သုံး ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးကြပါတယ်၊ ကျွန်မကတော့ ဖရုံစိုက်ပျိုးထားတာပဲဖြစ်ပါတယ်၊ ဖရုံမျိုးစေ့အမျိုးမျိုးရှိတဲ့အနက်က ခုစိုက်ပျိုးထားတာကတော့ အရွက်လည်းရောင်းချ၊ အသီးလည်းရောင်းရတဲ့ ရွှေဖရုံနှင့် ပစ်တိုင်းထောင်မျိုးများကို စိုက်ပျိုးထားတာပဲဖြစ်ပါတယ်၊ ခုလိုနွေရာသီစိုက်ပျိုးလျှင် ရေသွင်း၍ မြေအစိုဓာတ်ရရှိစေရန် ရေလုံလောက်စွာသွင်းပေးရပြီး စိုက်ပျိုးပြီး (၄၅) ရက်အကြာတွင် အညွှန့်များ ခူးယူရောင်းချလို့ရပါတယ်၊ ()လခန့်ရှိပါက အသီးများခူးဆွတ်ရောင်းချရပါတယ်၊ ဖရုံပင်များစိုက်ပျိုးရာတွင် အတန်းလိုက်အစေ့ချစိုက်ပျိုးခြင်း၊ ကျင်းဖွဲ့စိုက်ပျိုးခြင်းစသည့် နည်းအမျိုးမျိုးရှိသော်လည်း ကျင်းဖွဲ့ကာအစေ့ချ၍ စနစ်တကျစိုက်ပျိုးပြီး ရေသွင်းခြင်း၊ ဆေးဖြန်းခြင်း၊ ပေါင်းမြက်ရှင်းလင်းခြင်းများပြုလုပ်ပေးနိုင်လျှင် အပင်များပိုမိုကြီးထွားသန်မာစေပါတယ်၊ စိုက်ပျိုးရေးဆိုင်များမှ ဖရုံမျိုးစေ့တစ်ထုတ်လျှင်  (၁၂၀၀၀)ပေးဝယ်ရကြောင်း ဖရုံစိုက်ပျိုးသူ မဖြူမကပြောသည်။  

မူမူစန်း