ဖြူးမြို့နယ်မှ ဖြတ်သန်းသွားမည့် ကားကြီးယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ ရောဂါ ပိုးရှိ/မရှိစစ်ဆေး

ဖြူး အောက်တိုဘာ ၆


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ကညွက်ကွင်းမြို့ဝင်ဂိတ်တွင် ဖြူးမြို့နယ် အား ဖြတ်သန်းသွားမည့် ကားကြီး ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် (၂၇၁)ဦးအား Testkit စနစ်ဖြင့် ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိစစ်ဆေးခဲ့ရာ ရောဂါပိုးတွေ့ရှိသူ(၆)ဦးရှိကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဖြိုးဝေဝင်းထံမှ သိရှိရသည်။
အဆိုပါ ကားကြီးများမှ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် (၁၈၇)ဦးအား ဖြူးမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးများ ဦးဆောင်၍ အောက်တိုဘာလ(၃)ရက်နေ့ ည ၉ နာရီခွဲအချိန်မှ နံနက်(၁)နာရီထိ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ ရောဂါပိုးရှိသူ (၃)ဦး တွေ့ရှိပြီး အောက်တိုဘာလ(၄)နေ့ ည ၉ နာရီခွဲမှ (၁၂) နာရီထိ (၈၄)ဦးအား ဆက်လက်စစ်ဆေးခဲ့ရာ ရောဂါ ပိုးရှိသူ(၃)ဦးအား ထပ်မံတွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း(၆)ဦးအား ဖြူးမြို့နယ် ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူစေခဲ့ပြီး ရောဂါပိုးရှိသူ များနှင့် ဆက်စပ်ထိတွေ့ခဲ့သည့် သူ(၃)ဦးအား ဖြူးမြို့ အ.ထ.က(၁)တွင်း အသွားအလာ ကန့်သတ်စောင့်ကြည့်ထားရှိခဲ့ကြောင်း သိရှိရသည်။
မနွယ် (ဖြူး)