မြင်းမူ အောက်တိုဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က၊ မြင်းမူမြို့နယ် (COVID.19 )ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ကိုဗစ် ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးပို့ခဲ့ကြောင်းသိရှိရသည်။
ထောက်ပံ့ပေးအပ်သောပစ္စည်းများအား သက်ဆိုင်ရာအဖွဲ့အစည်းသို့ ပြန်လည်လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့က မြင်းမူမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေပြည်သစ်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။ ပေးအပ်ပွဲတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်တုံ့ပြန်ရေးကော်မတီဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှုးဦးတင်အောင်လွင်က၊ လက်ခံရယူကြမည့် အသင်းအဖွဲ့မှ တာဝန်ရှိ သူများအား၊ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို၊ တက်တက်ကြွကြွ ပူးပေါင်းပါဝင်ဆောင်ရွက် မှုများနှင့် ပါတ်သက်၍ဂုဏ်ပြုအမှာစကားပြောကြားပြီးထောက်ပံ့ရေးပစ္စည်းများအားဆက်လက်ပေးအပ်ခဲ့ကြောင်းသိရသည်။
ထောက်ပံ့ပစ္စည်းများကို CBFQ စခန်းများဖွင့်လှစ်ထားရှိသည့်၊ မြင်းမူမြို့(၁၆)ကုတင်ဆံ့တိုင်းရင်းဆေးရုံသို့ mask(၁၀၀၀)၊ Face Shield(၁၀)ခု၊ လက်အိတ်(၁၀)စုံ၊ (အ.ထ.က)တောချောင်ဦးသို့ PPEဝတ်စုံ(၁၀)စုံ၊ mask(၁၀၀၀)၊ Face Shield(၁၀)ခု၊ လက်အိတ်(၁၀)စုံ၊ ခွက်ခွင်းတိုက်နယ်ဆေးရုံသို့ PPEဝတ်စုံ(၁၀)စုံ၊ mask(၁၀၀၀)၊ Face Shield(၁၀)ခု၊ လက်အိတ် (၁၀)စုံတို့ကိုလည်းကောင်း၊ရောဂါကာကွယ်ရေးလုပ်ငန်းများတွင်၊ တက်ကြွစွာပါဝင်ဆောင်ရွက်လျှက်ရှိသော (Volunteers) အသင်းအဖွဲ့များဖြစ်သည့်မြင်းမူမြို့ရှိ မြတ်သုခလူမှုကူညီရေးအသင်း၊ ယသစရိယလူမှုကူညီရေးအသင်းနှင့် မြန်မာနိုင်ငံလုံး ဆိုင်ရာကွန်ယက်အဖွဲ့တို့အား PPE (၁၀)စုံ၊ mask(၁၀၀၀)၊ Face Shield(၁၀)ခုနှင့် လက်အိတ် (၁၀) စုံစီတို့အားပြန်လည် လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)