ဇီးကုန်းမြို့နယ်၌ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

ဇီးကုန်း မေ ၁၁

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ဆက်လက်တည်ရှိနေသဖြင့် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်အတွင်း၌ ပြည်သူလူထုသိရှိပြီး ကြိုတင်ကာကွယ်နိုင်စေရန် မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်ခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်က ဆောင်ရွက်ခဲ့သည်။

မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဋ္ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဋ္ဌာနနှင့် မီးသတ်ဦးစီးဋ္ဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး သတိပေးချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ကြိုတင်စီမံဆောင်ရွက်နိုင်စေရန်  အသိပေးနှိုးဆော်ခြင်း၊ မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ရန်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် လိုက်နာရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် ရှောင်ရှားသင့်သည့် အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် ပြုလုပ်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပြီးချိန်တွင် ရှောင်ရှားသင့်သည့်အချက်များ မုန်တိုင်း၏ အရောင်အညွှန်းနှင့် လုပ်ဆောင်ရမည့် လုပ်ငန်းများ ပါဝင်သည့် အသိပညာပေး လက်ကမ်းစာစောင်များကို ရပ်ကွက်/ကျေးရွာများသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

တင့်ဆွေ(ပြန်/ဆက်)