မင်းကင်း မေ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ စကားဝါခန်းမ၌ နွေရာသီ အခြေခံအားကစားသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရန်နိုင်ထွန်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူး တာဝန်ခံဦးမောင်လွင်က အသက်(၁၀)နှစ်မှ (၁၇)နှစ်အရွယ် လူငယ်များကို သင်ကြားပေးသွားမည်ဖြစ်ရာ သင်တန်းသား သင်တန်းသူများ လိုက်နာရမည့် စည်းကမ်းချက်များနှင့် လိုအပ်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းတွင် ဘောလုံး၊ ဘောလီဘောနှင့် ပိုက်ကျော်ခြင်းစသည့် အခြေခံ အားကစားနည်းများကို မတ်လ ၈ ရက်နေ့မှ ၁၄ ရက်နေ့အထိ နံနက် ၇နာရီမှ ၉နာရီအထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ စုစုပေါင်း (၈၃)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)