ဒေးဒရဲမြို့၌ သဘာဝဘေး ကြိုတင်ကာကွယ်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ဒေးဒရဲ မေ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် သဘာဝဘေး ကျရောက်သည့်အခါ ဆုံးရှုံးမှုနည်းပါးစေရန်နှင့် ကြိုတင် ကာကွယ်ဆောင်ရွက်ရမည့် လုပ်ငန်းများ အချိန်မီပြီးစီးရေးအတွက် သဘာဝဘေး ကြိုတင်ကာကွယ်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၁) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က ဒေးဒရဲမြို့နယ်သည် မြစ်ဝကျွန်းပေါ် ဒေသဖြစ်သည့်အလျှောက် မိုးကြိုကာလတွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်း ထန်စွာ ရွာသွန်းခြင်းနှင့် မုန်တိုင်းစသည့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာနိုင်သည့် အတွက် အရေးပေါ် နားခိုရာနေရာများ၊ စားရေရိက္ခာ လိုအပ်ချက်များ ပြင်ဆင်ဆောင်ရွက် ထားရန်နှင့် လိုအပ်ချက်များ မဖြစ်ပေါ်စေရေး ဆွေးနွေးသွားကြရန် မှာကြားခဲ့သည်။ ဆက်လက်၍ တက်ရောက်လာသော ဌာနဆိုင်ရာများက ကျန်းမားရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်းကဏ္ဍ စီမံဆောင်ရွက်ထားမှု များ၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများ၊ ဆက်သွယ်ရေးနှင့် သတင်း ထုတ်ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို တင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်ချက်များကို ဖြည့်စွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင်  သဘာဝဘေးအန္တရာယ်ဖြစ်ပွားပါက ပျက်စီးဆုံးရှုံးမှုနည်းပါးစေရေးအတွက် ပြည်သူပါဝင်သော ဇာတ်တိုက် လေ့ကျင့်ခန်းများ၊ အသိပညာပေးဟောပြောပွဲများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများက ကျေးရွာများ အရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေဇာလင်း