အုတ်ဖို မေ ၁၀
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် အုတ်ဖိုမြို့တွင် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးအဖွဲ့ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး လင်းထင်နှင့် အဖွဲ့ဝင်(၂) ဦးမြင့်သူတို့အား မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မင်းနှင့် အဖွဲ့ဝင်များက သဘာဝဘေးအန္တရာယ် ဖြစ်ပါ်လာပါကအချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အလျင်အမြန် ဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းပြသပြီး ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက် လေ့ကျင့်မှုများကို မြို့နယ်မီးသတ်တပ်ဖွဲ့ရုံးတွင်လည်းကောင်း၊ ဓမ္မဝိဇယသာရေးနာရေး ကူညီမှုအသင်းရုံးတွင်လည်းကောင်း အသီးသီးသရုပ်ပြဆာင်ရွက်ခဲ့သည်။
အုတ်ဖိုမြို့တွင် မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၃၅ ဦးနှင့် ကယ်ဆယ်ရေးပစ္စည်းများ၊ လူမှုရေးသင်းအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များ၊ မော်တော်ယာဉ်မျာ၊ လူနာတင်ယာဉ်များ၊ ဆေးဝါးပစ္စည်းများနှင့် ကုသရေးအဖွဲ့များ၊ သောက်ရေနှင့်ရိက္ခာများအား အဆင်သင့်ပြင်ဆင် ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း သိရသည်။
အောင်သူ