ပေါင်းတည်၌ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ပေါင်းတည် မေ ၁၀

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ မြို့နယ်စီမံကိန်း ရေးဆွဲအကောင် အထည်ဖော်ရေးကော်မတီ၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နဝရတ်ခန်းမဆောင်၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး မြို့နယ်စီမံကိန်းဦးစီးမှူး ဦးရန်နိုင်မြင့်နှင့် ကော်မတီအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသောဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြသည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်လှိုင်က အဖွင့်အမှာစကားပြောကြားရာ၌ ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရည်မှန်းချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံကိန်းရေးဆွဲ အကောင်ဖော်ရေးကော်မတီ အတွင်းရေးမှူး၊ မြို့နယ်စီမံကိန်းဦးစီးမှူး ဦးရန်နိုင်မြင့်က၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (ဧပြီလမှ မတ်အထိ) ဒေသန္တရ စီမံကိန်းနှင့်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစီမံကိန်းများနှင့်ပတ်သက်၍ အကျယ်တဝံ့ ဖတ်ကြားတင်ပြသည်။

ယင်းနောက် ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲကို ဆက်လက်ကျင်းပရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌက လယ်ယာကဏ္ဍကြီးကိုယ်စား မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးအားလည်းကောင်း၊ စက်မှုကဏ္ဍကြီးကိုယ်စား မြို့နယ်လျှပ်စစ်အင်ဂျင်နီယာမှူး အားလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးအေးကျော်က ဝန်ဆောင်မှုကဏ္ဍကြီးကိုယ်စား ​မြို့နယ်မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်မန်နေဂျာ အားလည်းကောင်း စီမံကိန်းတာဝန် ပေးအပ်လွှာများ ပေးအပ်ကြကာ အခမ်းအနားကို နံနက် ၁၁ နာရီတွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။

သူရကြီး (ပြန်/ဆက်)