ရွှေကျင်မြို့တွင် မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ရွှေကျင် မေ ၁၀

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယနေ့နံနက် (၁၀) နာရီအချိန်က မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဲစုအောင်က မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားပြီး ရွှေကျင်မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကျော်ဇင်ဝင်းက မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် လိုက်နာရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် ရှောင်ရှားသင့် သည့်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် ပြုလုပ်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပြီးချိန်တွင် ရှောင်ရှားသင့်သည့်အချက်များအား အကျယ်တဝင့်ဟောပြောခဲ့ပြီး ရွှေကျင်မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ရင်းမှ မြို့နယ်တပ်ဖွဲ့မှူး ဒေါ်ဇိုယာတင်က မိမိတို့ကြက်ခြေနီတပ်ဖွဲ့အနေဖြင့် ပြည်သူများသဘာဝ‌ဘေးဖြစ်ပေါ်လာပါက ကူညီ‌ေဆာင်ရွက်ပေးမှုများ၊ မြို့နယ်အတွင်း လူမှုကူညီရေးလုပ်ငန်းများတွင်လည်း ကူညီဆောင်ရွက်ပေးနေမှုများအား ဟောပြောခဲ့ပြီး တက်ရောက်လာသူများမှ မုန်တိုင်းနှင့်ပတ်သတ်သည့် သိလိုသောအချက်အလက်များကို မေးမြန်းရာ ရွှေကျင်မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမူဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကျော်ဇင်ဝင်းက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဇော်