ဘုတ်ပြင်းမြို့ မီးသတ်စခန်းတွင် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများနှင့် ရှာဖွေကယ်ဆယ်ရေးတပ်စု အရန်သင့်စုဖွဲ့ထားရှိ

ဘုတ်ပြင်း မေ ၁၀
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်အတွင်း မုန်တိုင်းဘေးနှင့် သဘာဝဘေး အန္တရာယ်များ ဖြစ်ပွားလာပါက ပြည်သူများအား အချိန်နှင့်တစ်ပြေးညီ သွားရောက်ကူညီ ကယ်ဆယ်နိုင်ရေးအတွက် ဘုတ်ပြင်းမြို့နယ် မီးသတ်စခန်းတွင် ရှာဖွေကယ်ဆယ်ရေးတပ်စု တပ်ဖွဲ့ဝင်(၃၅)ဦး အရန်သင့်စုဖွဲ့ထားရှိပြီး တပ်ဖွဲ့ဝင်များအတွက် (၁၀)ရက်စာ စာရိက္ခာများ စုစည်းထားရှိကာ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ အသင့်ဆောင်ရွက်ထားကြောင်း သိရသည်။
မုန်တိုင်းဘေး ဖြစ်ပွားလာပါက ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင် (၃၅) ဦး ချက်ချင်းထွက်ခွာ ကယ်ဆယ်ဆောင်ရွက်နိုင်ဖို့ စုဖွဲ့ထားပါတယ်။ ကယ်ဆယ်ရေးဆောင်ရွက်ကြမည့် တပ်ဖွဲ့ဝင် တွေအတွက် ဆန်၊ ဆီ၊ ကြက်သွန်၊ အာလူး စားရိက္ခာ (၁၀)ရက်စာ အရန့်သင့်ထားရှိ၍ ဒီဇယ်ဂါလံ(၁၀၀)၊ ဓာတ် ဆီဂါလံ(၅၀)နှင့် ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းတွေကို အရန်သင့် စုဖွဲ့လေ့ကျင့်ထားရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှူးထံမှ သိရသည်။
မုန်းတိုင်းဘေးအန္တရာယ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ညွှန်ကြားချက်များနှင့်အညီ ဘေးအန္တရာယ် မဖြစ်ပွားမီ သတိပေးခြင်းများ ဆောင်ရွက်ပြီး ဖြစ်ပွားချိန်တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ချက်ချင်းသွားရောက်ဆောင်ရွက်ကြမည် ဖြစ်ကြောင်း၊ ဖြစ်ပွားပြီးပါကလည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်းနှင့်
သဘာဝဘေးကျရောက်သည့်နေရာ ဒေသများမှလည်း အရေးပေါ်ဖုန်း(191)သို့ အချိန်မရွေး ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူးထံက သိရသည်။
မြို့နယ်(ပြန်/ဆက်)