ဖျာပုံ မေ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် တာဝန် ရှိသူများက မြို့နယ်အတွင်းရှိ ပြည်သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်စီမံဆောင်ရွက်ထားရှိမှုမျာအား လိုက်လံ စစ်ဆေးခြင်းကို ယမန်နေ့ ညနေပိုင်းအချိန်က မြို့နယ်အတွင်းရပ်ကွက်/ ကျေးရွာအလိုက် သဘာဝဘေးကြိုတင်စီမံဆောင်ရွက် ထားရှိမှုများအား စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်စီမံဆောင်ရွက် ထားရှိမှုများအား လိုက်လံစစ်ဆေးရာတွင် အနောက်တောင်တိုင်းစစ် ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်၊ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁)ဒုတိယ ဗိုလ်မှူးကြီး နိုင်လင်း၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူး ငွေမင်းထိုက်၊ ဖျာပုံခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ ပါဝင်သော အဖွဲ့သည် မုန်တိုင်း အန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိသော ဖျာပုံမြို့နယ် မှော်ဘီကျေးရွာရှိ School Shelter ၊ တင်ပုလွဲကျေးရွာရှိ Cyclone Shelter နှင့် ဒေါ်ညိမ်းကျေးရွာရှိ Cyclone Shelter တို့တွင် ဘေးအန္တရာယ် ကျရောက်လာပါက ပြည်သူများ လုံခြုံ ဘေးကင်းစွာ ခိုလုံနိုင်ရေးနှင့် စားနပ်ရိက္ခာများ ကြိုတင်ဆောင်ရွက်ထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရ သည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)