စုကလိ မေ ၁၀
လတ်တလောဖြစ်ပေါ်နေသော မုန်တိုင်းသတိပေးချက်များနှင့် အချိန်မရွေးကျရောက်နိုင်သော သဘာဝဘေးအန္တရာယ်များနှင့် ကြေညာ ချက်များအား မြို့နေပြည်သူများ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်စေရန် စုကလိမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နံရံကပ် စာစောင်ပြသခြင်းအား ယမန်နေ့နံနက်ပိုင်းအချိန်က ပြည်သူ့စာကြည့်တိုက်တွင် ပြသဆောင်ရွက်ထားသည်။
အဆိုပါ နံရံကပ် စာစောင်တွင် မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ ထုတ်ပြန်ထားသော ကြေညာချက်များ၊ မုန်တိုင်းသတိပေးချက်၊ မုန်တိုင်းအဆင့်သတ်မှတ်ချက်၊ မုန်တိုင်းကျရောက်နေစဥ်အတွင်း မြို့နေပြည်သူများအနေဖြင့် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ မိုးသည်းထန်စွာ ရွာသွန်း၍ ရေကြီးရေလျံမှုဖြစ်ပေါ်လာပါက ကလေးအရွယ်နှင့်သက်ကြီးရွယ်အိုများအား ဘေးလွတ်ရာနေရာသို့ ရွှေ့ပြောင်းနိုင်ရန် ကူညီကယ်ဆယ်ရေး အဖွဲ့များထံသို့ ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များ ၊အား ပြသဆောင်ရွက်ထားသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ရုံးအနေဖြင့် နံရံကပ်စာစောင်ပြသခြင်းအား တစ်လလျှင် နှစ်ကြိမ်ခန့် ပြသဆောင်ရွက်ထားကြောင်း သိရသည်။
ပိုပိုအောင်