ငွေဆောင်မြို့တွင် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျော်) မျိုးစေ့ပေးအပ်ပွဲနှင့် စုပေါင်းကြဲပက်ပွဲ သရုပ်ပြပွဲ ပြုလုပ်

ငွေဆောင် မေ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ လေးမျက်နှာကျေးရွာတွင် ယမန်နေ့နံနက် () နာရီအချိန်က သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျော်) မျိုးစေ့ပေးအပ်ပွဲနှင့် စုပေါင်းကြဲပက်ပွဲ ကျင်းပခဲ့ပြီး သရုပ်ပြကြဲပက်ပွဲအား ဒေသခံတောင်သူ ဦးဝင်းနိုင်၏ လယ်မြေ(၁၀) ဧကတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိုင်းဒေသကြီးဦးစီးမှူး ဦးသန်းအောင်ဆန်း၊ ခရိုင်ဦးစီးမှူး ဦးဝင်းစိုးနှင့် မြို့နယ်အဆင့် စိုက်/တိုး/မြှင့် ဌာနများ၏ အကြီးအကဲများ တက်ရောက်ခဲ့ကြပြီး ငွေဆောင်မြို့၊ သလပ်ခွာ၊ လေးမျက်နှာ၊ ငကွ၊ ကြက်တူရွေး၊ မဒေါ့ကုန်း၊ အလယ်ရွာ အစရှိသည့် ကျေးရွာအုပ်စု() စုမှ တောင်သူ(၇၀) ဦး လာရောက်ခဲ့ကြသည်။ အခမ်းအနားတွင် တာဝန်ရှိသူများက သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျော်) ထည့်သွင်း အသုံးပြုခြင်းဖြင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်းအား ရှင်းလင်းဆွေးနွေးပြီး မျိုးစေ့ပေးအပ်ခြင်းအခမ်းအနား ကျင်းပခဲ့သည်။ ထို့နောက် တက်ရောက် လာကြသည့် စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများမှ လယ်မြေ(၁၀) ဧကတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျော်)အား စုပေါင်းကြဲပက်မျိုးစေ့ချခြင်းအား ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

မြို့နယ်