ဓနုဖြူမြို့နယ်တွင် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းလုပ်ငန်းများဆောင်ရွက်

ဓနုဖြူ မေ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ရေလဲ ကျေးရွာ၊ သပြုကျေးရွာနှင့် ညောင်ချောင်းကျေးရွာတို့၌ ဆောင်ရွက်ခဲ့ သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်နှင့် အဖွဲ့ဝင်များက ကျေးရွာများသို့ သွားရောက်၍ ပြည်သူများ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်စေရန်၊ မုန်တိုင်းအန္တရာယ်နှင့် ပတ်သက်၍ ကြိုတင်သတိပေးချက်များ အချိန်နှင့် တစ်ပြေးညီ ဖြန့်ချိဆောင်ရွက်နိုင်ရန်၊ ကယ်ဆယ်ရေးစခန်းများ သတ်မှတ်ထားရှိပြီး အဆင်သင့် ပြင်ဆင်ထားရှိရန်၊ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းများ၊ ကယ်ဆယ်ရေး အထောက်အကူပြုပစ္စည်းများ စုစည်းထားရှိမှုများ၊ ရိက္ခာနှင့် ဆေးဝါးများ စုဆောင်းထားရှိမှုအပေါ် စီမံကြီးကြပ်ခြင်း၊ အရေးပေါ် ပြောင်းရွှေ့ရန် လိုအပ်သည့် ကိစ္စများအား ဘေးကင်းရာသို့ ရွှေ့ပြောင်းနိုင်ရေး၊ ရွှေ့ပြောင်းရန်နေရာများသတ်မှတ်ခြင်းများအား စစ်ဆေးစီမံဆောင်ရွက်ရန် ရှင်းလင်းပြောကြားသည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်၊ အဖွဲ့ဝင်() ဗိုလ်မှူး ဟိန်းထက်ဇော်၊ အဖွဲ့ဝင်() ဦးစိန်မောင်ဝင်း၊ အတွင်းရေးမှူး ရဲမှူး အောင်နိုင်ဝင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးနောင်နောင်၊ မြို့နယ်ပညာရေးမှူး ဦးလှဌေး၊ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)