ရွှေတောင် မေ ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ဆည်ကြီးကုန်းကျေးရွာအုပ်စု၊ ကြက်ဖြူတောင်ကျေးရွာတွင်မေလ (၈)ရက်နေ့က နေအိမ်တစ်လုံးမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။
အဆိုပါ မီးလောင်းကျွမ်းမှုဖြစ်ပွားခဲ့သည့် အိမ်ထောင်စုအား ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးစိုးရာဇာလင်း၊ ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်တင်ချို၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တာဝန်ရှိသူများနှင့် ဆည်ကြီးကုန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးပါဝင်သောအဖွဲ့က ယမန်နေ့နေ့လယ်ပိုင်းက ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှထောက်ပံ့ပေးအပ်သောအိမ်ဆောက်ပစ္စည်း၊ဆန်ရိက္ခာဘိုးထောက်ပံ့ငွေ(၂၆၃၀၀ိ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၈) မျိုးပါပုံးတစ်ပုံး၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ Hygiene Kit တစ်ကိုယ်ရေး သန့်ရှင်းရေးသုံးပစ္စည်း (၁၉) မျိုးပါပုံးတစ်ပုံး၊ တာပေါ်လင်(၁)စတို့အား သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုကိုမင်း ( ပြန် / ဆက်)