လှိုင်းဘွဲမြို့နယ် စည်ပင်သာယာမြို့မဈေး အဆင့်မြှင့်တင်တည်ဆောက်နိုင်ရေးအတွက် ဈေးရောင်းဈေးဝယ်များအား ယာယီပြောင်းရွှေ့ရောင်းချ

လှိုင်းလွဲ  မေ ၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့အင်္ဂါရပ်နှင့်အညီ လမ်း၊တံတား၊ ရေနုတ်မြောင်းများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စည်ပင်သာယာမြို့မဈေးကို အဆင့်မြှင့်တင် တည်ဆောက်နိုင်ရေးအတွက် မြို့မဈေးနှင့် ယာယီပျံကျဈေးအား အခြေခံပညာအထက်တန်းကျောင်း ဘောလုံးကွင်း၌ ယာယီပြောင်းရွှေ့ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

စည်ပင်သာယာမြို့မဈေးသည် နှစ်ကာလကြာမြင့်ပြီးဖြစ်၍ ဥပဒိရုပ်မကောင်းခြင်း၊ အဆောက်အဦးခိုင်ခံ့မှုအားနည်းခြင်း၊ လျှပ်စစ်မီးသွယ်တန်းမှုများ အချိန်ကြာမြှင့်ပြီးဖြစ်၍ အန္တရာယ်ရှိခြင်းတို့ကြောင့် ဈေးရောင်းဈေးဝယ်သူများ အန္တရာယ်ကင်းရှင်းရေး၊ အဆင်ပြေစွာ ရောင်းချနိုင်ရေးနှင့် မြို့အင်္ဂါရပ်နှင့်အညီ အဆင့်မြှင့်တင် တည်ဆောက်နိုင်ရေးအတွက် လှိုင်းဘွဲမြို့(ဃ)ရပ်ကွက်ရှိ စည်ပင်သာယာ မြို့မဈေးနှင့် ယာယီပျံကျဈေးကို လှိုင်းဘွဲမြို့ (ဂ)ရပ်ကွက် အခြေခံပညာ အထက်တန်းကျောင်း ဘောလုံးကွင်း၌ ယာယီပြောင်းရွှေ့ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)