သရက်ချောင်း မေ ၁၀
နိုင်ငံတစ်ဝန်း ကိုဗစ်–၁၉ ရောဂါပြန်လည်ဖြစ်ပွားနေသည့်အတွက် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း ကိုဗစ်–၁၉ရောဂါဖြစ်ပွားမှု လျော့နည်းစေရေးအတွက် ကိုဗစ်–၁၉ရောဂါကာကွယ်ဆေးရာနှုန်းပြည့်ထိုးနှံနိုင်ရေး mobileစနစ်ဖြင့် ယနေ့နံနက် ၉နာရီအချိန်က သရက်ချောင်းမြို့၊ မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင်နယ်လှည့်ကွင်းဆင်း ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် ကိုဗစ်–၁၉ရောဂါ ကာကွယ်ဆေးလုံးဝမထိုးနှံရသေး သော ပြည်သူများအား (ပထမအကြိမ်)ထိုးနှံပေးခြင်း၊ (ပထမအကြိမ်) ကိုဗစ်–၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူများအား (ဒုတိယအကြိမ်)ထိုးနှံပေးခြင်း၊ (ဒုတိယအကြိမ်)ကိုဗစ်–၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံ၍ (၆)လပြည့်သူပြည်သူများအား (တတိယအကြိမ်) Booster Dose ကို ထိုးနှံပေးပြီး နောက် စတုတ္တအကြိမ်နှင့် ပဥ္စမအကြိမ်ထိုးနှံလိုသူများအား ကိုဗစ်–၁၉ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပေးခဲ့ကြောင်း အဆိုပါကိုဗစ်–၁၉ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းကို မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်ကြီး ဒေါက်တာဝင်းဇော်ဦး ကြီးကြပ်၍ ဆရာမများက ကာကွယ် ဆေးမထိုးနှံမီ ကာကွယ်ဆေး လာရောက်ထိုးနှံကြသည့် ပြည်သူများအား စာရင်းရေးသွင်းပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်နှင့်အညီ ပြည်သူများအား ကာကွယ် ဆေးထိုးနှံပေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများကလိုအပ်သည်များ ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(သရက်ချောင်း)