နတ်တလင်း မေ ၁၀
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် ရန်ကုန်-ပြည်ကားလမ်းဘေးရှိ မြို့နယ်အားကစားကွင်းတွင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဇာတ်တိုက် လေ့ကျင့်ခြင်းအခမ်းအနား ယမန်နေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။
ရှေးဦးစွာခရိုင်စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌဦးခင်မောင်ဦးက အဖွင့်အမှာစကားပြောကြားပြီး မီးသတ်တပ်ဖွဲ့ဝင်များက သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ကာကွယ်ရေးနည်းလမ်းများအား သရုပ်ပြခြင်းဆောင်ရွက်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ခလရ(၆၆)မှ ဒုတပ်မမှူးဗိုလ်မှူးကြီးအောင်ကျော်စိုင်း၊ ခရိုင်စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌဦးခင်မောင်ဦး၊ မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်ကျော်ဦး၊ ဒုမြို့နယ်ရဲတပ်ဖွဲ့မှူးဒုရဲမှူးတင်မောင်နိုင်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှဦးစီးအရာရှိဦးတင်ဦးလတ်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များတက်ရောက်ခဲ့ကြောင်း သိရသည်။
ထားထားဦး(ပြန်/ဆက်)