ညောင်လေးပင် မေ ၁၀
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က သဘာဝဘေးအန္တရာယ်ကျရောက်ပါက ရှာဖွေကယ်ဆယ်ရေးများလုပ်ဆောင်နိုင်ရန်အတွက် သင်တန်းဖွင့်လှစ်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန၌ ပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်းတွင် လေဘေး၊ ရေဘေး၊ မီးဘေးများကျရောက်ပါက အသုံးပြုရမည့် ကယ်ဆယ်ရေးပစ္စည်းအသုံးပြုပုံများအား မြို့နယ်မီးသတ်တပ်ဖွဲ့မှူး ဦးကိုကိုဌေးမှ အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသောသင်တန်းသားများအား လက်တွေ့သရုပ်ပြ လုပ်ဆောင်ခဲ့ကြောင်းသိရသည်။
အဆိုပါသင်တန်းသို့ မြို့နယ်မီးသတ်တပ်ဖွဲ့မှူး ဦးကိုကိုဌေးနှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
မြို့နယ်ပြန်ဆက်