မုံရွာမြို့ ရက်ကန်းနှင့် သက်မွေးပညာသင်တန်း‌ကျောင်းတွင် အခြေခံစက်ချုပ်နည်းပညာ သင်တန်းဖွင့်လှစ်

မုံရွာ မေ ၁၀

သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှု လက်မှုဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၏ ကြီးကြပ်မှုနှင့် အတူ ရက်ကန်းနှင့် သက်မွေးပညာ သင်တန်းကျောင်း (မုံရွာ)က ဖွင့်လှစ်သည့် အခြေခံစက်ချုပ် နည်းပညာ သင်တန်းအမှတ်စဉ် ၁/ ၂၀၂၃ သင်တန်းဖွင့်လှစ်ခြင်းကို မေလ ၈ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က အဆိုပါ သင်တန်း ကျောင်းခန်းမ တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မောင်းက  လူ့စွမ်းအားအရင်းအမြစ်များ ဖွံဖြိုးတိုးတက်စေ ရေး မူဝါဒများချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ အနာဂတ်လူငယ်များအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးတွင် ပူးပေါင်းပါဝင်ဖို့လိုအပ်ကြောင်း၊ သင်တန်းသူများ အနေဖြင့် သင်တန်းကာလအတွင်း သင်တန်းစည်းမျဉ်းစည်းကမ်းများလိုက်နာ၍ မိမိတို့ဘဝ ဖွံ့ဖြိုးတိုးတက်စေရေး သက်မွေးဝမ်းကြောင်း ပညာရပ်များအား ကြိုးစားသင်ယူလေ့လာစေလိုကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ညွှန်းကြားရေးမှူးက တက်ရောက်လာကြသည့် သင်တန်းသူများနှင့် အတူ အမှတ်တရ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ပြီးနောက် သင်တန်းသူများအား ရင်းရင်းနှီးနှိးတွေ့ဆုံကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ အခြေခံစက်ချုပ်သင်တန်းသို့ သင်တန်းသူ(၂၀)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ မေလ ၈ ရက်နေ့မှ ဇွန်လ ၆ ရက်နေ့အထိ တစ်လကြာမည်ဖြစ်ပြီး သင်တန်းကာလအတွင်း အခြေခံစက်ချုပ်နည်း ဘာသာရပ် ၇ မျိုးကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)