ကျောက်ကြီးမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းနှင့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ စုစည်းထားရှိမှုအခြေအနေအား မြို့နယ်တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

ကျောက်ကြီး မတ် ၁၀

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယမန်နေ့ညနေ ၄ နာရီအချိန်က ကုန်းကျောင်းပရိယတ္တိစာသင်တိုက် ရင်ပြင်တွင် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းနှင့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ စုစည်းထားရှိမှုအခြေအနေအား မြို့နယ်တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကြည်ရှုစစ်ဆေးရာတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် အမှတ်(၃)စစ်ဗျူဟာ (ခေတ္တ) စစ်ဗျူဟာမှူးဗိုလ်မှူးကြီးတင်လင်းဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ကျောက်ကြီးမြို့နယ်တွင် သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက အ​ရေး​ပေါ်ကူညီကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြစ်သည့် နယ်မြေခံတပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ အသင့်ကြိုတင်ပြင်ဆင်ထားမှုအခြေအနေအား ကြည်ရှုစစ်ဆေးပြီး မုန်တိုင်းသတင်းကိုမျက်ခြေမပြတ်နားစွင့်ထားရန်၊ ရပ်ကွက်/ကျေးရွာအတွင်းရှိနေအိမ်၊ အဆောက်အအုံများကြံ့ခိုင်ကောင်းမွန်စေရေး ပြင်ဆင်ဆောင်ရွက်ထားရန်၊ ယာယီခိုလှုံရန်သတ်မှတ်နေရာများ၏ လိုအပ်ချက်ကိုကြိုတင်စီစဥ်ဆောင်ရွက်ထားရန်၊ ဆန်၊ ဆီ၊ ရေ၊ ခေါက်ဆွဲခြောက်၊ အစာစို/ခြောက်နှင့် အသင့်စားအစားအစာများစုဆောင်းထားရှိရန်၊ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများအသင့်ဖြစ်နေစေရန်၊ လုံခြုံရေးဆိုင်ရာကိစ္စများကိုလည်း အလေးထားဆောင်ရွက်ကြရန်နှင့် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ကြိုတင်စီမံဆောင်ရွက်ထားကြရန် မှာကြားခဲ့ကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်