သံတောင်ကြီး မေ ၁၀
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့နံနက် (၁၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ နော်လော်မူက သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ဇင်လတ်က မုန်တိုင်းအန္တရာယ်၊ မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ရန်၊ မုန်တိုင်းဖြစ်နေစဉ်ဆောင်ရွက်ရန်များ၊ မုန်တိုင်းဖြစ်နေစဉ်ရှောင်ရှားရန်များ၊ မုန်တိုင်းဖြစ်ပွားချိန်တွင် ပြုလုပ်ရန်အချက်များ၊ မုန်တိုင်း ဖြစ်ပွားပြီးအချိန်တွင် ရှောင်ရှားရန်အချက်များ၊ မုန်တိုင်းနှင့်အတူပါလာသော ဘေးအန္တရာယ်၊ မုန်တိုင်းပုံစံများ၊ ပြည်သူသို့ အသိပညာပေးအစီအစဉ်များ၊ စသည့်အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သဘာဝဘေးအန္တရာယ်အသိပညာပေး Talk Show ကို We Love Than Dawgyi Page တွင် ထုတ်လွင့်ပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နော်နော်မူ