သံတောင်ကြီးမြို့နယ် ဒေဒါခိုကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်းနှင့် သင်တန်းပြုလုပ်

သံတောင်ကြီး မေ ၁၀ 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ   မြစိမ်းရောင်စီမံကိန်း ပြောင်းလဲဆောင်ရွက်ခွင့်ရသည့် ရွှေနန်းကြီးကျေးရွာနှင့်  ရွှေနန်းကလေးကျေးရွာအား   မြစိမ်းရောင်စီမံကိန်းအ‌ကြောင်း မိတ်ဆက်ရှင်းလင်းခြင်း၊ ကျေးရွာလုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်း၊ စာရင်းထိန်းသိမ်းနည်းပုံစံများနှင့် လိုအပ်သည်များ   ရှင်းလင်းပို့ချခြင်းသင်တန်းကို ယနေ့နံနက်(၉)နာရီအချိန် ဒေဒါခိုကျေးရွာတွင် ပြုလုပ်ခဲ့သည်။

သင်တန်းတွင်   မြစိမ်းရောင်စီမံကိန်း   ရေရှည်တည်တံ့အောင်မြင်စေရန်၊   စာရင်းဇယားများ ပြည့်စုံမှန်ကန်စွာဖြည့်သွင်းနိုင်ရန်နှင့်  ကျေးလက်ဉပဒေများ သိရှိစေရန်   ရည်ရွယ်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများက  ရှင်းလင်းပို့ချပေးခဲ့ပြီး အဆိုပါသင်တန်းတွင်  ဒေဒါခိုကျေးရွာမှ မြစိမ်းရောင်ကော်မတီဝင်များက တက်ရောက်ခဲ့ကြောင်း သိရသည်။

စောမင်းသား(ပြန်/ဆက်)